ထရန်စဖော်မာ coilပတ်နည်

 Transformer ပတ်နည်း

ထရန်စဖော်မာ ပတ်နည်း

°°°°°°°°°°°°°°°°°°

     အဝင်အေစီဗို့အား 110V သာ ရှိသော

အချိန်တွင် အထွက်ဗို့အား 220V အပြည့်နှင့်

ဝပ် 1000VA . အသုံးပြုနိုင်သော ထရန်စ

ဖော်မာ တစ်လုံးပြုလုပ်ပါ ဟုဆိုလျှင်။

     ကျွန်ုပ်တို့သိရသည်မှာ…

(1) အဝင်ဗို့အား 110 V.

(2) အထွက်ဗို့အား 220 V.

(3) အထွက်ပါဝါ 1000 VA.

ထို့ကြောင့်

(1) Vp = 110 V

(2) Vo = 220V

(3) Po = 1000 VA

သိရှိပြီးသော Vp, Vo, Po တို့ကို အခြေခံ၍

အောက်တွင် ဖော်ပြထားသော အဓိက ကျသည့်

ညီမျှခြင်း (7) ခုကို အစဉ်လိုက် တွက်ချက်နိုင်

ပါသည်။

   (1) n သည် အပတ်ရေအချိုး ဖြစ်ပါသည်

           အပတ်ရေအချိုး လိုချင်လျှင် မူလနန်းခွေ

           ဗို့အားဖြစ်သော အဝင်ဗို့ကို အထွက်

           ဗို့နှင့် စားရသည်။

(2) တဆင့်ခံနန်းခွေဗို့အား လိုချင်သော

       ကြောင့် အထွက်ဗို့အားထဲမှ အဝင်ဗို့ကို

       နှုတ်ရပါသည်။

(3) တဆင့်ခံနန်းခွေ လျှပ်စီးကြောင်း လိုချင်

       သောကြောင့် အထွက်ပါဝါကို အထွက်ဗို့

       နှင့် စားရသည်။

(4) မူလနန်းခွေလျှပ်စီးကြောင်း လိုချင်သော

       ကြောင့် တဆင့်ခံနန်းခွေ လျှပ်စီးကြောင်း

       ကို အပတ်ရေအချိုး အပိုင်းကိန်းနှင့်

       မြှောက်ရသည်။

(5) မူလနန်းခွေပါဝါ လိုချင်သောကြောင့်

       တဆင့်ခံနန်းခွေဗို့နှင့် တဆင့်ခံနန်းခွေ

       လျှပ်စီးကြောင်းတို့ မြှေက်လပ်ဖြစ်သော

       တဆင့်ခံ ပါဝါကို 1.25 နှင့် မြှောက်ရ

       သည်။

(6) အိုင်းယန်းကို့၏ ထိပ်ဖြတ်ဧရိယာကို လို

      ချင်သောကြောင့် အဝင်ပါဝါ ၏ နှစ်ထပ်

      ကိန်းရင်းကို 5.58 နှင့် စားရသည်။

      (လက်တွေ့အသုံးပြုရာတွင် စိတ်ချရစေရန်

      ထိပ်ဖြတ်ဧရိယာကို 1.1 ဖြင့် ထပ်မံ

      မြှောက်ရသေးသည်) ။

      

(7) တစ်ဗို့အပတ်ရေ လိုချင်သောကြောင့်

      အိုင်းယန်းကိုး ကောင်းလျှင် ကိန်းသေ

      7.5 ကို ထိပ်ဖြတ်ဧရိယာနှင့် စားရသည်။


Credit , original post



Comments

Popular posts from this blog

Amplifier Audio System အကြောင်း (ဆရာမင်းမင်းထွန်း)

Amplifier Lesson 1_အင်ပလီဖိုင်ယာဖွဲ့စည်းပုံနှင့် ပါဝါဗို့တိုင်တာနည်းအကြောင်း (ဆရာမင်းမင်းထွန်း)

CRT TV Lesson-5_Power Supply Stages STR IC ကို မော်ကျူးကဒ်အစားထိုးနည်း အကြောင်း(ဆရာမင်းမင်ထွန်း)