CHINA CRT TV အစားထိုးကဒ် Service Mode အသုံးပြုနည်း

CHINA CRT TV အစားထိုးကဒ်

Service Mode အသုံးပြုနည်း


( Microprocesser IC 8895 နှင့် EEPROM IC 24C08

အသုံးပြုထားသော ကဒ်များအတွက်သာ )

#ဆရာလှမိုးaccount မှကူးယူမျှဝေပါသည်

Service Mode ဝင်ရန် နည်းလမ်းများ


နည်းလမ်း ( 1 )

TV ကိုပါဝါဖွင့်ပြီး TV/AV ကြိုက်ရာတွင်ထားနိုင်သည်။

ရီမုကွန်ထရိုးမှ Service Mode အသုံးပြုရန်အပေါက်ငယ်ကို

သွားကြားထိုးတံဖြင့်ထိုး၍ အသုံးပြုနိုင်သည်။

တစ်ချက်နှိပ်လျှင် FACTORY ဟူသောစာတန်းပေါ်မည်။

နှစ်ချက်နှိပ်လျှင် BW BALANCE ဇယားကွက်ပေါ်မည်။

သုံးချက်နှိပ်လျှင် F1 ဇယားကွက်ပေါ်မည်။

လေးချက်နှိပ်လျှင် ပုံမှန်အနေအထား ပြန်ဖြစ်မည်။


နည်းလမ်း ( 2 )

TV ကို TV/AV ကြိုက်ရာတွင်ထားနိုင်သည်။

VOL_ ခလုတ်ကိုနှိပ်ပြီး VOLUME 0 တွင်ထားပါ။

ကီးဘုတ်မှ VOL_ ခလုတ်ကိုနှိပ်ထားပြီး

ရီမုကွန်ထရိုးမှ DISP ခလုတ်ကိုနှိပ်လိုက်ပါက

TV တွင် FACTORY ဟူသောစာတန်းပေါ်မည်။

ရီမုကွန်ထရိုးမှ DISP ခလုတ်ကို

တစ်ချက်နှိပ်လျှင် BW BALANCE ဇယားကွက်ပေါ်မည်။

နှစ်ချက်နှိပ်လျှင် F1 ဇယားကွက်ပေါ်မည်။

သုံးချက်နှိပ်လျှင် ပုံမှန်အနေအထားပြန်ဖြစ်မည်။


နည်းလမ်း ( 3 )

TV ကို TV/AV ခလုတ်ကိုနှိပ်ပြီး TV တွင်ထားပါ။

MENU ခလုတ်ကိုတစ်ချက်ချင်းနှိပ်ပြီး

PICTURE > TIMER > SEARCH ဇယားကွက်ထိရောင်အောင်သွားပါ။

P+ (သို့မဟုတ် ) P_ ခလုတ်တစ်ခုခုကိုနှိပ်ပါက

POS EDIT ဇယားကွက်ပေါ်လာမည်။

P+ (သို့မဟုတ်) P_ ခလုတ်တစ်ခုခုကိုနှိပ်ပြီး

TARGET POS 000

ဟူသောစာကြောင်းအထိရောက်အောင်သွားပြီး

ရီမုကွန်ထရိုးမှ 2483 (သို့မဟုတ်) 6483 (သို့မဟုတ်) 6568 စသည့်

နံပါတ်ခလုတ်လေးလုံးကို ဆက်တိုက်ရိုက်နှိပ်ပါ။

TV တွင် FACTORY ဟူသောစာတန်းပေါ်လာမည်။

ရီမုကွန်ထရိုးမှ DISP (သို့မဟုတ်) CALL ခလုတ်ကို

တစ်ချက်နှိပ်လျှင် BW BALANCE ဇယားကွက်ပေါ်မည်။

နှစ်ချက်နှိပ်လျှင် F1 ဇယားကွက်ပေါ်မည်။

သုံးချက်နှိပ်လျှင် ပုံမှန်အနေအထားပြန်ဖြစ်မည်။


F1 ဇယားကွက်တွင်ထားပြီး

ရီမုကွန်ထရိုးမှ MUTE ခလုတ်ကို တစ်ချက်ချင်းနှိပ်သွားလျှင်

F1 ၊ F2 ၊ F3 ၊ F4 ၊ F5 ၊ F6 ၊ F7 ၊ F8

ဇယားကွက်များ ပေါ်လာမည်။

ရီမုကွန်ထရိုးမှ နံပါတ်ခလုတ်များကို တိုက်ရိုက်နှိပ်ပြီးလည်း

ဇယားကွက်များဖော်ယူနိုင်သည်။

0 ခလုတ်ကိုနှိပ်လျှင် BW BALANCE

1 ခလုတ်ကိုနှိပ်လျှင် F1

2 ခလုတ်ကိုနှိပ်လျှင် F2

3 ခလုတ်ကိုနှိပ်လျှင် F3

4 ခလုတ်ကိုနှိပ်လျှင် F4

5 ခလုတ်ကိုနှိပ်လျှင် F5

6 ခလုတ်ကိုနှိပ်လျှင် F6

7 ခလုတ်ကိုနှိပ်လျှင် F7

8 ခလုတ်ကိုနှိပ်လျှင် F8

စသည့် ဇယားကွက်များပေါ်မည်။

ဆက်ရန်

Crd မူရင်း

Hla moe account

( မသိသေးတဲ့ ညီငယ်များအတွက်ပါ။ )


꧁༺༒༻꧂

စုံစီနဖာနည်းပညာ༒CCTV SALE & SERVICE

꧁༺༒༻꧂

ရန်ကုန်📲0943067734

မွန်ပြည်နယ်☎️09425276712,

꧁༺༒༻꧂

📲09425276712

꧁༺༒༻꧂


Comments

Popular posts from this blog

Amplifier Audio System အကြောင်း (ဆရာမင်းမင်းထွန်း)

Amplifier Lesson 1_အင်ပလီဖိုင်ယာဖွဲ့စည်းပုံနှင့် ပါဝါဗို့တိုင်တာနည်းအကြောင်း (ဆရာမင်းမင်းထွန်း)

CRT TV Lesson-5_Power Supply Stages STR IC ကို မော်ကျူးကဒ်အစားထိုးနည်း အကြောင်း(ဆရာမင်းမင်ထွန်း)