မီးအားမြှင့်စက်အခြေခံ

 အီလက်ထရောနစ်ကမ္ဘာ

yuzana (59)in #myanmar • 4 years ago

မီးမြှင့်စက်က နှစ်မျိးရှိတယ်ဗျ ရိုးရိုးလက်လှည့်နဲ့

အော်တိုမီးအားမြှင့်စက်ဆိုပြီးရှိပါတယ် ၊အော်တိုမီးအားမြှင့်စက်ကမီးအားအတက်အကျကို လက်လှည့်စရာမလိုဘဲ အော်တိုမီးအားကိုအတင်အချလုပ်ပေးတာပါ အဲ့ဒီမီးအားမြှင့်စက်ကြ အီလက်ထရောနှစ်စက်ပြားများနဲ့တည်ဆောက်ရတာပါ၊ သူကပိုအဆင့့်မြင့်ပါတယ်၊အဲ့ဒီနည်းကို အီလက်ထရောနစ်ပစ္စည်းများရဲ့တခုချင်းအလုပ်လုပ်ပုံသိမှရတာပါ၊ အီလက်ထရောနစ်ပစ္စည်းများရဲ့တခုချင်းအလုပ်လုပ်ပုံသဘောတရားရှင်းပြပြီးတဲ့အခါကျမှ တည်ဆောက်နည်းရှင်းပြပါမယ် ၊အခုလောလောဆယ်တော့လက်လှည့်မီးအားမြှင့်စက် တည်ဆောက်ပုံကွိုင်ပတ်နည်းကိုပြောပြပါမယ်၊ အောက်ပါပုံကိုကြည့်ပါ ရိုးရိုးလက်လှည့်မီးအားမြှင့်စက်အတွင်းပိုင်းမြင်ရတဲ့မြင်ကွင်းပါ။

လက်လှည့်မီးအားမြှင့်စက်ကွိုင်လောင်လာခဲ့လို့ပြန်ပတ်မယ်ဆိုရင် မိန်းထုပ်က အစထုပ်ထားတဲ့ကွိုင်ကြီုး

ဆက်သွယ်တာတွေကိုအသေအခြာမှတ်ထားပါ၊ တပ်နိုင်သမျှမှတ်မိနိုင်အောင်ကြည့်ပါ၊၊

ကြည့်ပြီးရင် မိန်းထုမှထွက်တဲ့အစတစချင်းကို စျေးနှူန်းကတ်တဲ့တိပ်နဲ့တပင်ကိုနှစ်ခုကပ်ပါ အဲဒီကတ်ထားတဲ တိပ်နှစ်ခုကို အင်္ဂလိပ်လိုဖြစ်ဖြစ် မြန်မာလိုဖြစ်ဖြစ် သင်္ကေတ တိပ်တခုကို 1လို့သတ်မှတ်ရင် တခြားတိပ်တခုကိုလဲ 1လို့မှတ်ပါ ၊အဲ့ဒီတိပ်နှစ်ခုကိုမကွာအောင်အသေအခြာကပ်ပါ၊ကပ်ပြီးရင် တိပ်နှစ်ခုအကြားမှကပ်ကျေးနဲ့ဖြတ်လိုက်ပါ ၊နောက်ပြန်ဆက်လျှင် 1နံပတ်အခြင်းခြင်းဆက်ရန်ဖြစ်သည်၊

တပင်ပြီးလျှင် နောက်တပင်ကိုလဲအဲ့ဒီနည်းအတိုင်းတိပ်နှစ်ခုကပ်ပြီး တိပ်နှစ်ခုလုံးကို2လို့မှတ်ပါ တိပ်နှစ်ခုအကြားကပ်ကြေးနဲ့ဖြတ်ပါ၊ မိန်ထုပ်နဲ့ဆက်သွယ်ထားသေားကျန်သည်ကြိုးအားလုံးကိုလဲ တပင်ကိုတိပ်နှစ်ခုပတ်ပြီး 123456 စသည်ဖြင့်နံပတ်စဉ်အတိုင်းမှတ်ပြီး အားလုံးဆက်သွယ်ထားသည့်ကြိုးများကိုဖြတ်လိုက်ပါ၊ တိပ်များကိုကွာမသွားရန်အသေအခြာကပ်ပါ၊အဆက်အသွယ်များဖြတ်ပြီးလျှင် မိန်ထုပ်ကြီးဘဲကျန်တောသည်ဖြစ်သဖြင့် မီးမြှင့်စက်ပုံးထဲမှ အပြင်သို့ထုပ်လိုက်ပါ၊

ပထမဆုံးကွိုင်ဖြည်တဲ့အစမှာမှတ်ထားသောဂဏန်းကို့ကြည့်ပါ ဥပမာ 1ဟုတွေ့လျှင် စာအုပ်မှာ 1ဟုမှတ်ပြီးဝိုင်းထားလိုက်ပါ ထိုနောက်ကွိုင်ကိုတပတ်ခြင်းဖြေးဖြေးခြင်းဖြေပါ၊တိပ်ကပ်ထားသော

နောက်အမှတ်တခုသို့မရောက်မခြင်းဖြည်ပါ ။ဖြေရင်းနဲ့အပတ်အရေအတွက်ကိုလဲစိတ်နဲရေထာပါ၊ တိပ်ကပ်ထားသောအမှတ်ကိုရောက်လျှင် ကွိုင်ဖြေတာက်ိုခနရပ်၍ အပတ်အရေအတွက်ကို စာအုပ်ထဲတွင်မှတ်ထားသော1ဂဏန်းရဲ့ဘေးမှာမှတ်ပါ။နောက်တွေသည့်အမှတ်ရဲ့ဂဏန်ကိုဆက်ရေးပါ။ သဘောကတော့နောက်တွေ့တဲ့အမှတ်က2ဖြစ်မယ်ဆိုရင် 1နဲ့2အကြားမှာ ကွိုင်အပတ်အရေအတွက်ဘယ်လောက်ဆိုတာသိရန်ဖြစ်သည်။ နောက်ဆက်ဖြေပြီးရင် အမှတ်တခုရောက်ရင်ရပ်ပါ အပတ်အရေအတွက်ချရေးပါ နောက်တွေ့တဲ့အမှတ်က3ဆိုရင် 2နဲ့3အကြားမှာ ဘယ်နှစ်ပတ်ဆိုတာသိရန်ဖြစ်ပါသည်။မှတ်ပုံမှတ်နည်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

လက်တွေ့မျက်စိအောက်မှာလုပ်ပြရတာမဟုပ်ဘဲ စာဖြင့်သဘောပေါက်အောင်ရေးရသည့်အတွက် စာရှည်သွားမည်ဖြစ်သဖြင့်နောက်အပတ်ဆက်ပြီးရေးပါအုံးမည်။ အားလုံးကိုကျေးဇူးတင်ပါသည်။


Post writer=@yuzana(shineshine)

by my photo

MSC=146






Comments

Popular posts from this blog

ဒယ်နီပြုပြင်နည်းအပြည့်အစုံ

မီပူပွိုင့်ချိန်နည်း