Auto Voltage Regulator

 Auto Voltage Regulator (2)

·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·


     ရှင်းလင်းလွယ်ကူစွာ သဘောပေါက်စေရန်

ရီလေး တစ်လုံးသာ အသုံးပြုသော အော်တို မီး

အားမြှင့်စက်များနှင့် ၎င်းတို့တွင် အသုံးပြုသော

ဗို့အား အာရုံခံ ရီလေးဒရိုက်ဘာ ဆားကစ်များ

ကို တင်ပြခဲ့ပြီး ဖြစ်ပါသည်။


     ဆက်လက်ပြီး ထရန်စဖော်မာနှင့် ရီလေး ကွန်ပရေတာကဒ်တို့ ဆက်သွယ်ပုံကို ရှင်းလင်း

တင်ပြပေးပါမယ်။


ပုံ (4) တွင်ကြည့်ပါ။


     ဗို့အား အာရုံခံ ရီလေးကွန်ပရေတာ ပုံစံတူ

(3)ခုပါဝင်သော ဆားကစ်ကို တွေ့ပါမည်။

၎င်းပတ်လမ်းများသည် အေစီအဝင်မိန်းလိုင်း ဗို့

အားကို တိုက်ရိုက် အာရုံခံ ပတ်လမ်းများအဖြစ်

တည်ဆောက်ထားသောကြောင့် လုပ်ငန်းလုပ်

ဆောင်မှု ပိုမိုတိကျပါသည်။


     အဝင်မိန်းလိုင်းမှ (L) သည် ဆားကစ်၏ အ

ဝင် ဗို့အား အာရုံခံပိုင်းသို့ ဆက်သွယ်ထားပါ

သည်။ ဆားကစ်ပတ်လမ်းများအတွက် လိုအပ်

သော ဆပ်ပလိုင်းကို မိန်း ထရန်စဖော်မာမှ+V

ရယူထားပါသည်။


     ပုံ (5) တွင် မိန်းထရန်စဖော်မာ၏ ကွိုင်ကြိုး

စများနှင့် ရီလေးတွင် ဆက်သွယ်ပုံကို ပြသထား

ပါသည်။


ပတ်လမ်း အလုပ် လုပ်ပုံ


    ပုံ (4) နှင့် (5) ကို ဆက်စပ်၍ ရှင်းပြပါမည်


     အေစီအဝင်မိန်းလိုင်းတွင် ဗို့အားပြည့်220

ဗို့ ရောက်ရှိနေသောအခါ ဗို့အားအာရုံခံ ပတ်

လမ်းများသည် လုပ်ငန်းရပ်နားနေမည် ထို့အ

တွက်ကြောင့် မည်သည့် ရီလေးမှ မဆွဲပဲ ရီလေး

၏ ဘုံ (com) စများသည် NC ဘက်တွင်ရှိ

နေကြပါသည်။


     ထိုအခါ ပုံ(5) တွင် ရီလေးများနှင့် ကွိုင်ကြိုး

များ ဆက်သွယ်ထားပုံအရ မိန်းလိုင်းသည် 

Relay 1  မှ တစ်ဆင့် 230 ဗို့ကွိုင်နှင့် ဆက်

သွယ်မိနေသည်။ အထွက်တွင်လည်း အဝင်ဗို့

အားအတိုင်း ရှိနေပါသည်။


    ရုပ်တရက် မီးအားကျ ၍ အဝင်ဗို့အား 200

ဗို့သာရှိသောအခါ ပုံ(4) အပေါ်ဆုံးမှ ဗို့အား

အာရုံခံ ပတ်လမ်းသည် စတင် အလုပ် လုပ်ပြီး

Relay 1 ကို ဆွဲပါသည်။


     ရီလေးဆွဲခြင်းကြောင့် Relay 1 မှ ဘုံစ

သည် အောက်ဘက်ပွိုင့် (NO) သို့ပြောင်းကပ်

ပါသည် ။ ထိုအခါ အဝင်မိန်းဗို့အားသည် ထရန်

စဖော်မာ၏ 200V ကွိုင်နှင့် ပြောင်းလဲဆက်

သွယ်မိပြီး အထွက်ဗို့အားကို လျော့မကျအောင်

ထိမ်းထားပါသည်။


     ထိုနည်း၎င်းပင် အဝင်မီးအား 160 ဗို့သို့

လျော့ကျသွားသည့်တိုင် ဗို့အား အာရုံခံပတ်

လမ်းများမှ ရီလေးကို အစဉ်လိုက် (NO)ဘက်

သို့ ဆွဲကပ်ပေးနေသဖြင့် အဝင်ဗို့အား လျော့

ကျနေသော်လည်း အထွက်ဗို့အားမှာ တည်ငြိမ်

နေပါသည်။   ။


အိုင်စီ LM324 ကို ကွန်ပရေတာ ပတ်လမ်း

အဖြစ် အသုံးပြုထားသည့် ရီလေး လေးလုံးပါ

ကဒ်ကို ပုံ(1) တွင် ပြသထားပါသည်။ ဆားကစ် ပတ်လမ်း အပြည့်အစုံကို ပုံ(3) တွင်

ကြည့်ပါ။


     ၎င်း ဆားကစ်သည် အဝင်အေစီဗို့အား

130 ဗို့မှ 260ဗို့ အတွင်း ပြောင်းလဲမှု အ

တွက် အထွက်အေစီဗို့အားကို 200ဗို့မှ 230

ဗို့အတွင်း ရှိနေအောင် ထိန်းနိုင်ပါသည်။


     ပတ်လမ်းနှင့် ထရန်စဖော်မာ ကွိုင်စများ ဆက်သွယ်ပုံကို ရှင်းပြပြီးဖြစ်၍ ဗို့အားအာရုံ ခံ

အပိုင်းမှ ပရီဆက်များ  ချိန်ညှိပုံကို ဆက်လက်

တင်ပြပါမည်။


     ဆားကစ်နှင့် ကွိုင်ကြိုးစများကို သေချာစွာ

ဆက်သွယ်ပါ ထို့နောက် မီးမြှင့်စက် အထွက်

တွင် ဗို့မီတာနှင့် ဆက်ထားပါ မာတီမီတာက

ပိုတိကျပါသည်။ 


     ဗို့အား အနိမ့်/အမြင့်ကို ပြုလုပ်နိုင်ရန် တွက် (Variac) ဗို့အားပြောင်း ထရန်စဖော်

မာ တစ်လုံး ရှိရပါမည် သို့မှသာ အော်တို မီးမြှင့်

ခြင်း ရှိမရှိကို စမ်းသပ်နိုင်ပါမည်။


     မိမိ ချိန်ညှိလိုသော မီးမြှင့်စက်ကို Variac

နှိမ့်မြင့်စက်၏ အထွက်တွင် ပလပ်ထိုးပါ။

ထို့နောက် ပရီဆက်အားလုံးကို အာရုံခံ ဗို့အား

လာတဲ့ဘက်သို့ လှည့်ထားပါ။


     ဗို့အားပြောင်းထရန်စဖော်မာကို အနိမ့်ဆုံး

မှ မြှင့်တင်လာရာ မိမိပတ်ထားသော FD ကွိုင်

ဗို့အားသို့ရောက်သောအခါ RL4 ရီလေးနှင့်

သက်ဆိုင်သော ပရီဆက် VR4 ကို စဆွဲ

အောင် ချိန်ပါ ။ အထွက်ဗို့200 ရှိနေမည်။


     ထို့နောက် ဗို့အားပြောင်းစက်ကို ဆက်

မြှင့်ပါ အထွက်ဗို့230အရောက် အဝင်ဗို့မှာ

လည်း FC ကွိုင် ဗို့အားအတိုင်း ဖြစ်နေမည်

ထိုအခါ RL3 နှင့် သက်ဆိုင်သော VR3 ကို

စဆွဲအောင်ချိန်ပါ ရီလေးကပ်သွားသည်နှင့် အ

ထွက်ဗို့အားမှာ 200ဗို့ ပြန်ဖြစ်သွားမည်။  


     ဗို့အားပြောင်းစက်ကို ဆက်မြင့်ပါ ဗို့အား

230 ပြည့်တိုင်း ရီလေးဆွဲအောင်ချိန်ပေးခြင်း

ဖြင့် အထွက်ဗို့ကို 200 နှင့် 230 ဗို့ကြား

ရှိနေအောင် ဆောင်ရွက်နိုင်ပါသည်။


     တတ်နိုင်သလောက် ကြိုးစားတင်ပြထားပါ

တယ် လေ့လာသူများ အနေနဲ့လည်း သိမြင်

တတ်မြောက် လွယ်ကူကြပါစေ။

#CrdOrginalUploader 

#စုံစီနဖာနည်းပညာ 

#elစက်ပြင်လက်စွဲ 

#NewVersion







Comments

Popular posts from this blog

Amplifier Audio System အကြောင်း (ဆရာမင်းမင်းထွန်း)

Amplifier Lesson 1_အင်ပလီဖိုင်ယာဖွဲ့စည်းပုံနှင့် ပါဝါဗို့တိုင်တာနည်းအကြောင်း (ဆရာမင်းမင်းထွန်း)

CRT TV Lesson-5_Power Supply Stages STR IC ကို မော်ကျူးကဒ်အစားထိုးနည်း အကြောင်း(ဆရာမင်းမင်ထွန်း)