Auto Voltage Regulator (1)

 Auto Voltage Regulator (1)

======================


     အော်တို မီးမြှင့်စက်အကြောင်း မရေးမှီ ရီလေးတစ်လုံး၏ အလုပ် လုပ်ပုံကို ဂဃနဏ

သိထားရန် လိုအပ်ပါသည်။


   ရီလေးတစ်လုံး၏ ဘုံစ(com)သည် ဗို့အား

မရှိချိန်တွင် သံလိုက်မဆွဲသဖြင့် မူလ NC

(Normally Closed Contact) ငုတ်

တွင် အမြဲထိဆက်နေသည်။


   ရီလေးကို သက်ဆိုင်ရာဗို့အား ရောက်ရှိလာ

သောအခါ ဘုံစသည် NO (Normally

Open Contact) ငုတ် နှင့် ထိဆက်သွားပါ

သည်။


     အော်တို မီးအားမြှင့်စက်၏ အရေးကြီးသော

နောက်တစ်ချက်မှာ ဗို့အားကို အာရုံခံမောင်းနှင်

ပေးသော အပိုင်းမှ ဒရိုက်ဘာပတ်လမ်းသည်

ရီလေးကို မောင်းနှင်ပေးရန် တည်ငြိမ်နေသော

ဗို့အားတစ်ရပ် လိုအပ်ပါသည်။ သို့မှသာ အဝင်

မီးအား၏ အနည်းအများကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်မည်။ အဝင်မီးအားကြောင့် ပတ်

လမ်း၏ ဗို့အားများ မတည်ငြိမ်ခဲ့သော် ရီလေး

များ၏ လုပ်ငန်းဆောင်ရွက်မှု မှားယွင်းလျှင် ဗို့့အား စောင့်တက်ခြင်း ထိုးကျခြင်းများ ဖြစ်ပေါ်ပါ

မည်။


     ထို့ကြောင့် ဒရိုက်ဘာ ဗို့အားနှင့် အာရုံခံ

ဗို့အားဟူ၍ ဗို့အားနှစ်မျိုးကို မိန်းထရန်စဖော်မာ

မှ ရယူထားပုံကို ပုံ(3) တွင်ပြသထားပါသည်။


     အာရုံခံ ဗို့အားမှာ မီးအားအနည်းအများ အ

လိုက် ပြောင်းလဲနေသော်လည်း  ရီလေးဒရိုက်

ဘာ ဗို့အားမှာ တည်ငြိမ်နေသည်။


     အော်တို မီးအားမြှင့်စက်များတွင် အသုံးပြု

သော ဗို့အားကို အာရုံခံ မောင်းနှင်ပေးသည့်

ပတ်လမ်းသည် နှစ်မျိုး နှစ်စားရှိပါသည်။


     ပထမ တစ်မျိုးမှာ ပုံ (4)တွင်ပြသထားသော

ပတ်လမ်းမျိုးဖြစ်၍ အဝင်မီးအားနည်းသောအခါ

ရီလေးကို ဗို့အားရောက်ရှိ၍ ရီလေးဆွဲကာ အ

ထွက်မီးအားကို မြှင့်တင်ပေးသည်။


     နောက်တစ်မျိုးမှာ ပထမ အမျိုးအစား၏ 

ဆန့်ကျင်ဘက် ဖြစ်ပါသည်။ အဝင်မီးအားနည်း

သောအခါ ရီလေးသို့ရောက်ရှိနေသော ဗို့အား

ကို ဖြတ်တောက်ခြင်းဖြင့် အထွက်မီးအားကို မြှင့်တင်ပေးသည်။


     ပတ်လမ်း နှစ်မျိုးလုံးတွင် အားနည်းချက် အားသာချက်များ ရှိပါသည်။ ပတ်လမ်းကွာခြားမှု

ကြောင့် ရီလေးများနှင့် မိန်းထရန်စဖော်မာ၏

ကွိုင်ကြိုးစများ ဆက်သွယ်ပုံမှာလည်း ကွာခြား

ပါသည်။


     ဗို့အား အာရုံခံ ရီလေးကဒ်များနှင့် မိန်းထ

ရန်စဖော်မာကွိုင်ကြိုးများ ဆက်သွယ်ပုံကို နောက်ရက်များတွင် ဆက်လက် ရှင်းလင်းတင်

ပြ ပေးပါမည် ။

#CrdOrginalUploader 

#စုံစီနဖာနည်းပညာ 

#elစက်ပြင်လက်စွဲ 

#NewVersion





Comments

Popular posts from this blog

ဒယ်နီပြုပြင်နည်းအပြည့်အစုံ

မီပူပွိုင့်ချိန်နည်း